OUR DAILY BREAD

ကောင်းကင်ကမျက်လုံး

Text Size: Zoom In
17.11.2012
ဖတ်ရန်: ဆာ ၁၃၉း ၁-၁၀
ထာဝရဘုရားသည် သင့်ကို အစဉ်ပဲ့ပြင်တော်မူမည်။—ဟေရှာ ၅၈း၁၁
သမ္မာကျမ်းစာ တစ်နှစ်တာ:
တ ၂၅-၂၆
ကား၊ လေယာဉ်၊ စက်တပ်လှေ စသည့်ယာဉ်များကို မပြတ်လမ်းညွှန်ပြမည့် “ကောင်းကင်မှ မျက်လုံး” စနစ်ကို တီထွင်ရသည်မှာ ရှုတ်ထွေးခက်ခဲလှသည်။ ဥပမာ လူအများနှင့် ကျွမ်းဝင်ပြီးသားဖြစ်သည့် ဂျီပီအက်စ် စနစ်တွင် မိုင်(၁၂၅၀၀)အကွာမှ ကမ္ဘာကြီးကို လှည့်ပတ်နေသည့် ဂြိုလ်တုပေါင်း(၂၄)လုံးမှ(၃၂)လုံး အထိရှိသည်။ ထိုဂြိုလ်တုများက ပုံမှန်အရှိန်နှုန်းအတိုင်း ထိန်းချုပ်လှည့်ပတ်နေရသည်။ သို့မှသာ ၎င်းတို့၏ လမ်းညွှန်မှုက တိကျမှုရှိမည်။
မျက်မှောက်ခေတ်၏ ရှုတ်ထွေးခက်ခဲသော ဂျီပီအက်စ်စနစ်သည် ဘုရားသခင် ပြုနိုင်သောအရာနှင့် ယှဉ်လျှင် အသေးအမွှားဖြစ်သည်။ ဣသရေလလူတို့အား ဘုရားသခင်က “သင့်ကိုအစဉ်ပဲ့ပြင်တော်မူမည်”(ဟေရှာ ၅၈း၁၁) ဟု ကတိပေးထားသည်။ ဆာလံဆရာက သူဘယ်မှာရှိသနည်းကို ဘုရားသခင်မသိဘဲနှင့် ဘယ်အရပ်သို့မှ သူမသွားနိုင်ကြောင်းသိသည်(ဆာ ၁၃၉း၇-၈)။ ဂျီပီအက်စ်စနစ်မပေါ်မီကပင် ဘုရားသခင်သည် “မြေကြီးစက်ပေါ်မှာ ထိုင်၍(ဟေရှာ ၄၀း၂၂) အရာခပ်သိမ်းကိုမြင်တော်မူ၏။”
မိမိအဘယ်မှာရှိရှိ မိမိကိုခြေရာခံလိုက်နိုင်နေသူ ရှိကြောင်းသိရသောအခါ ရှောင်တိမ်းပုန်လို သူအတွက် စိုးရိမ်းစရာ၊ ကြောက်စရာပါ။ သို့သော် ခရစ်ယာန်များအတွက်မူ အလွန်ဝမ်းမြောက်စရာနှင့် စိတ်ချစရာဖြစ်သည်။ ဆာလံဆရာက သူဘယ်မှာရှိရှိ ဘုရားသခင်လက်တော်က သူ့ကိုလမ်းပြပို့ဆောင်မည့်အကြောင်း စိတ်ချသည်။ (ဆာ ၁၃၉း၁၀)
ယနေ့သင့်ကို လမ်းပြပို့ဆောင်မည့်အကြောင်း ဘုရားသခင်ကတိရှိထားသည်။ ကိုယ်တော်သည် အကောင်းဆုံးလမ်းပြရှင်ဖြစ်ပြီး၊ မှန်သော လမ်းအတိုင်း သင့်ကို လမ်းပြပို့ဆောင်လိုပါ၏။ — C.P Hia

လမ်းညွှန်ရန်၊ နေ့စဉ်ပို့ဆောင်ရန်၊ မေတ္တာပြရန်
ကိုယ်တော်အား စိတ်ချကိုးစားလျှင် ကိုယ်တော်အပြည့်အဝ
ကွယ်ကာလိမ့်မည်။—Fitzhugh

လမ်းမှားမသွားမိအောင်
ဘုရားသခင်၏ဦးဆောင်မှုနောက် လိုက်ပါ


သတိပေးအမှတ်တံဆိပ်

Text Size: Zoom In
18.11.2012
ဖတ်ရန်: သု ၆း၁၆-၂၂
အပြစ်ကို ပြတတ်သော ဩ၀ါဒ စကားသည် အသက်လမ်းဖြစ်၏။ — သု ၆း၂၃
သမ္မာကျမ်းစာ တစ်နှစ်တာ:
တ ၂၇-၂၈
ယနေ့မျက်မှောက်ကာလ၌ စက်ပစ္စည်းသစ်များမှအစ ကစားစရာအဆုံး သတိပေးစာတန်းများကို နေရာတိုင်း၌ တွေ့ရသည်။ ဆေးဝါးနှင့် ဆေးပစ္စည်းများ၌ပင် ဖြစ်နိုင်ချေရှိသည့် အမှားများအတွက် သတိပေးချက် သေးသေးလေးဖြစ်ဖြစ် ရိုက်နှိပ်ဖော်ပြကြသည်။
နှုတ်ကပတ်တော်၌လည်း ၀ိညာဉ်ကျမ်းမာရေးအတွက် အန္တရာယ်ဖြစ်စေမည့်အရာများကို နိုးဆော်သတိပေးသည်။ “ထာဝရဘုရား မုန်းတော်မူသောအရာ ခြောက်ပါးမက၊ စက်ဆုပ်ရွံရှာတော် မူသောအရာ ခုနှစ်ပါး”(သု ၆း၁၆)ဟု ဖော်ပြချက်က ကျွန်ုပ်တို့အတွက် အချက်ပြသတိပေးသည့် မီးနှယ် ကျွန်ုပ်တို့အာရုံကို ချုပ်ကိုင်သည်။ ထိုအချက်များတွင် မာနထောင်လွှားခြင်းနှင့် မရိုးသားခြင်း သဘောသို့ ယိုင်နေသည့် ပျက်စီးခြင်းသဘောကို သတိပေးထားသည်။ ထိုအပြစ်ဒုစရိုက်များက လောက၌ ပေါင်းသင်းဆက်ဆံရေးကို ဖျက်ဆီးပစ်ပြီး ကိုယ်တော်ကို ၀မ်းနည်းစေပါသည်။ ဆက်လက်၍ “အပြစ်ကို ပြတတ်သော ဩ၀ါဒစကားသည် အသက်လမ်းဖြစ်၏” (း၂၃) ဟု ဆိုထားရာ၊ တစ်နည်းဆိုရလျှင် သခင်၏သတိပေးချက်များသည် ဘ၀အသက်တာ၌ ပျော်ရွှင်စရာများကို ဖယ်ရှားပစ်ရန် မရည်ရွယ်ဘဲ အသက်ကို စောင့်ထိန်းကွယ်ကာရန်ဖြစ်ကြောင်း နားလည်ရပါသည်။
ငယ်စဉ်က ၀တ်ပြုစည်းဝေးအပြီး ကျွန်တော့်သူငယ်ချင်းဘော်ဘီနှင့်အတူ ဘုရားကျောင်းအပြင်ဖက်၌ ရပ်နေစဉ် ဘော်ဘီက ကားရှုတ်နေသော လမ်းမပေါ် ရုတ်တရက်ဖြတ်ပြေးမည်ပြုရာ သူ့အမေက “ရပ်နေ” ဟု အော်လိုက်သံကို ကြားလိုက်ရသည်။ ၎င်းသည်သူ့လွတ်လပ်ခွင့်ကို ချုပ်ချယ်ခြင်းမဟုတ်ဘဲ သူ့ကို ကာကွယ်မည့် သတိပေးချက်ဖြစ်သည်။
မှားသောဦးတည်ရာအတိုင်း ဆက်သွားပြီး ဒုက္ခရောက်ရသည့်အဖြစ်မှ ကွယ်ကာဆီးတားသော ဘုရားသခင်၏ သတိပေးချက်များကို အများအားဖြင့် ကျွန်ုပ်တို့လျစ်လျူတတ်သည်။ သတိပေးချက်များကို အလေးထားခြင်းဆိုရာ၌ နာခံမည်လား၊ မနာခံဘဲနေမည်လား ရွေးရန် လွတ်လပ်ခွင့်ရှိသည်။ သို့သော်၎င်းတို့သည် ကျွန်ုပ်တို့၏ ကောင်းကျိုးအတွက်သာဖြစ်သည်။ —Joe Stowell


ကျေးဇူးတင်ပါ၏။ ကိုယ်တော်၏ ပဲ့ပြင်သွန်သင်မှုကို အလေးထားနာခံပြီး
ကိုယ်တော်နှစ်သက်သောဘ၀ဖြင့် အသက်ရှင်နိုင်ရန် မစမူပါ။
ဘုရား၏ နှုတ်ကပတ်သည် မေတ္တာလွှမ်းသော သတိပေးချက်အပြည့်ပါရှိပြီး
ကျွန်ုပ်တို့ကို ကွယ်ကာရန်နှင့် ထိန်းသိမ်းရန်ဖြစ်သည်။

သတိပေးအမှတ်တံဆိပ်

Text Size: Zoom In



No comments:

Post a Comment